Home | T&C FOR MERCHANT

ကုန်သည်များလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

 

အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤရောင်းချသူကိုယ်စားငွေကောက်ခံခြင်း ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာစနစ်ကို အခြေခံ၍ ရောင်းချသူကိုယ်စား ငွေကောက်ခံပေး၍ ငွေသားအဖြစ်ပြန်လည်ပြောင်းလဲပေးခြင်း၊ ငွေသားမှ ဒစ်ဂျစ်တယ်ငွေသား အဖြစ် ပြောင်းလဲပေးသော ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားဖြစ်ပါသည်။ ဝန်ဆောင်မှုပေးသူမှ Unipay နာမည် Application ဖြင့် အကောင့်ဖွင့်ပေး၍ ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုပေးသူ၏ တာဝန်ယူမှုနှင့်တာဝန်ခံမှု

(က) ဝန်ဆောင်မှုပေးသူအနေဖြင့် မိမိ၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မိမိထံသို့ဆက်သွယ်နိုင်သည့် အချက်အလက်များ နှင့် ဝန်ဆောင်မှု အမျိုးအစားများစွာတို့အား သိသာမြင်သာစေရန် Website တွင်ဖော်ပြထားပါသည်။

(ခ) ဝန်ဆောင်မှုပေးသူအနေဖြင့် မိမိ၏ Customer များ၊ ကုန်သည်များ နှင့် ကိုယ်စားလှယ်များ၏ သတင်းအချက်အလက်များအား လုံခြုံစိတ်ချမှုရှိရေးအတွက် အာမခံမှုပေးပါသည်။

(ဂ) ဝန်ဆောင်မှုပေးသူအနေဖြင့် မိမိသတ်မှတ်ထားသော ဝန်ဆောင်မှုများအတိုင်း ဝန်ဆောင်မှုပေးပါမည်။

အထွေထွေအချက်အလက်များ

(က) မိမိ၏ အချက်အလက်များကို ပြည့်စုံစွာဖော်ပြရမည်။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များ နှင့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်ပိတ်ပင်ထားသော လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိစေရ။

(ဂ) Customer များ၏အချက်အလက်များကို သေချာစွာထိန်းသိမ်းထားရမည်။

(ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်မှအခါအားလျော်စွာထုတ်ပြန်သော မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် ညွှန်ကြား ချက်များအား လိုက်နာရမည်။

(င) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံခြင်း မဖြစ်ပေါ်စေရန်အတွက်လည်းအထူးဂရုပြုလိုက်နာရမည်။

(စ) သံသယဖြစ်ဖွယ်တစ်စုံတစ်ရာပေါ်ပေါက်လာပါက ဝန်ဆောင်မှုပေးသူထံသို့ချက်ချင်းအကြောင်းကြားရမည်။

(ဆ) Unipay ဂုဏ်သိက္ခာကျဆင်းစေမည့် အပြုမူများ ရှောင်ကြဥ်ရမည်။

(ဇ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဥပဒေအရ အာဏာအပ်နှင်းထားသော အခြားအဖွဲ့အစည်းများမှ လိုအပ်သည့်အခါ တောင်းဆိုလာပါက ကုန်သည်၏ မည်သည့်စာရွက်စာတမ်းကိုမဆို မိတ္တူများအား Unipay အနေဖြင့် ရယူခွင့်နှင့် စစ်ဆေးပိုင်ခွင့်ရှိကြောင်း ဝန်ဆောင်မှုဝယ်ယူသူမှ သဘောတူပါသည်။

မလွန်ဆန်နိုင်သောဖြစ်ရပ်များ

မလွန်ဆန်နိုင်သောြဖစ်ရပ်များဆိုသည်မှာ သဘာဝအလျောက် ကြုံတွေ့ရသည့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မြေငလျင်‌ဘေး စသည့်အချက်များအပြင် နိုင်ငံတော်အစိုးရ၏ ကန့်သတ်တားမြစ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြား မှုပျက်ပျယ်ခြင်း၊ စစ်ဖြစ်ခြင်း၊ သပိတ်မှောက်ခြင်း စသည့်ဖြစ်ရပ်များပေါ်ခဲ့မှုကြောင့် ဝန်ဆောင်မှုပေးရန်အခက်အခဲများရှိပါက Unipay အနေဖြင့် တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။