Home | Request Merchant Account
Merchant လျှောက်ထားရန်နေရာ

စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ဖြေရှင်းပြီး ပိုမိုကောင်းမွန်သော နေထိုင်မှုစနစ်များဖြစ်လာရန်အတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲပြီး Smart ကျသာအနာဂတ်တစ်ခုကို ပုံဖော်လိုက်ပါ...

ဝန်ဆောင်မှုပေးသူ၏ တာဝန်ယူမှုနှင့်တာဝန်ခံမှု

  1. ဝန်ဆောင်မှုပေးသူက ဝဘ်ဆိုက်ရှိ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်သွယ်ရန်နံပါတ်များနှင့် ဝန်ဆောင်မှုများအကြောင်း ပြသပါမည်။
  2. ဝန်ဆောင်မှုပေးသူသည် Merchants, Customers နှင့် Agents ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစေရန်တာဝန်ရှိသည်။
  3. ဝန်ဆောင်မှုပေးသူက သတ်မှတ်ထားသော ဝန်ဆောင်မှုများအတိုင်း ဆောင်ရွက်ပေးပါမည်။

အထွေထွေအချက်အလက်များ

  1. မိမိ၏ အချက်အလက်များကို ပြည့်စုံစွာဖော်ပြရမည်။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များ နှင့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်ပိတ်ပင်ထားသော လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိစေရ။
  3. Customer များ၏အချက်အလက်များကို သေချာစွာထိန်းသိမ်းထားရမည်။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်မှအခါအားလျော်စွာထုတ်ပြန်သော မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် ညွှန်ကြား ချက်များအား လိုက်နာရမည်။
  5. ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံခြင်း မဖြစ်ပေါ်စေရန်အတွက်လည်းအထူးဂရုပြုလိုက်နာရမည်။
  6. သံသယဖြစ်ဖွယ်တစ်စုံတစ်ရာပေါ်ပေါက်လာပါက ဝန်ဆောင်မှုပေးသူထံသို့ချက်ချင်းအကြောင်းကြားရမည်။
  7. Unipay ဂုဏ်သိက္ခာကျဆင်းစေမည့် အပြုမူများ ရှောင်ကြဥ်ရမည်။
  8. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဥပဒေအရ အာဏာအပ်နှင်းထားသော အခြားအဖွဲ့အစည်းများမှ လိုအပ်သည့်အခါ တောင်းဆိုလာပါက ကုန်သည်၏ မည်သည့်စာရွက်စာတမ်းကိုမဆို မိတ္တူများအား Unipay အနေဖြင့် ရယူခွင့်နှင့် စစ်ဆေးပိုင်ခွင့်ရှိကြောင်း ဝန်ဆောင်မှုဝယ်ယူသူမှ သဘောတူပါသည်။

မလွန်ဆန်နိုင်သောဖြစ်ရပ်များ

မလွန်ဆန်နိုင်သောြဖစ်ရပ်များဆိုသည်မှာ သဘာဝအလျောက် ကြုံတွေ့ရသည့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မြေငလျင်‌ဘေး စသည့်အချက်များအပြင် နိုင်ငံတော်အစိုးရ၏ ကန့်သတ်တားမြစ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှုပျက်ပျယ်ခြင်း၊ စစ်ဖြစ်ခြင်း၊ သပိတ်မှောက်ခြင်း စသည့်ဖြစ်ရပ်များပေါ်ခဲ့မှုကြောင့် ဝန်ဆောင်မှုပေးရန်အခက်အခဲများရှိပါက Unipay အနေဖြင့် တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။

    သင့် Merchant အကောင့်အတွက် အောက်ပါအချက်များကို ဖြည့်သွင်းပါ-

    သင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖြည့်သွင်းပါ-